Saturday, April 6, 2013

အင်းလေးကန်နှင့် ကျေးရွာချောင်းများရှိ ရေများကို ဓာတ်ခွဲစမ်းသပ်စစ်ဆေးရာ (pH8.4) နှင့်(pH9) အကြားရှိပြီး ဓာတုပစ္စည်း ပျော်ဝင်မှု ရာခိုင်နှုန်းများ

အင်းလေးကန်နှင့် ကျေးရွာချောင်းများရှိ ရေများကို ဓာတ်ခွဲစမ်းသပ်စစ်ဆေးရာ (pH8.4) နှင့်(pH9) အကြားရှိပြီး ဓာတုပစ္စည်း ပျော်ဝင်မှု ရာခိုင်နှုန်းများသဖြင့် သောက်သုံးရန် မသင့်ကြောင်း တွေ့ရှိခဲ့ကြသည်ဟု အင်းလေးဒေသ သောက်သုံးရေသန့် ရရှိရေးအဖွဲ့ (IDWSO) ဥက္ကဋ္ဌက ပြောပြသည်။

လွန်ခဲ့သော ၂၀၀၉ ခုနှစ်က စတင်၍ တောင်ကြီးမြို့၊ မေတ္တာရှင် အခမဲ့ဆေးခန်းသို့ လာရောက်ကုသသော အင်းလေးဒေသနေ လူနာတို့၏ ရောဂါအများစုမှာ သောက်သုံးရေ မသန့်ရှင်းမှုကြောင့် ဖြစ်ကြောင်း၊ နား နှာခေါင်း၊ လည်ချောင်း အထူးကု ဆရာဝန်ကြီးများ၏ စမ်းသပ်တွေ့ရှိခဲ့ကြောင်း သိရှိရသည်။

သို့ဖြစ်၍ ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးကန်ဝန်းကျင် ကျေးရွာနေ လူထုများ၊ သောက်သုံးရန်၊ ရေကောင်းရေသန့်များ ရရှိရေးအတွက် နော်ဝေနိုင်ငံ (Norwegian Ministry of Foreign Affairs) UNDP အင်းလေးဒေသ သောက်သုံးရေသန့် ရရှိရေးအဖွဲ့ (IDWSO) (Inlay Drinking Water Supply Orgaimization) နှင့် ဒေသခံများ ပူးပေါင်း၍ စီမံကိန်းများ ချမှတ်ကာ ဆောင်ရွက်နေကြောင်း တာဝန်ရှိသူများထံမှ သိရသည်။
သောက်သုံးရန်သင့်သော ရေအရင်းအမြစ်၊ ရေထွက်များကို ရှာဖွေရာ၊ အင်းလေးကန် အရှေ့ဘက်ခြမ်းတွင် ရေထွက်ကြီး ၁၂ ခု၊ အင်းလေး အနောက်ဘက်ခြမ်းတွင် ၇ ခုရှာဖွေ တွေ့ရှိခဲ့ကြောင်း အင်းလေး အရှေ့ဘက်ကမ်းတွင် နန်းပန်းမိုင်း သောက်သောက်သုံးရေ ရရှိရေး ဆောင်ရွက်ခဲ့ပြီး ရေထွက်များအနက်မှ အင်းလေး အနောက်ဘက်ကမ်းရှိ ရေပြုန်ရေ ထွက်သည့် (pH 7.6)၊ ရေဦးရေ ထွက်သည် (pH 7.8)၊ တောင်ခြေရေ ထွက်သည် (pH 7.6) ဖြင့် တိုင်းတာရရှိ၍ ရေထွက်ကန်၊ ရေစုကန်များ တည်ဆောက်ကာ ပိုက်လိုင်းများဖြင့် ကျေးရွာများသို့ သောက်သုံးရေများ ဖြန့်ဝေပေးလျက်ရှိပြီး တောင်ခြေရေထွက် စီမံကိန်းကို ဆောင်ရွက်လျက်ရှိရာ ပိုက်လိုင်း ၄ မိုင်ခွဲ တစ်လိုင်း ၃ မိုင် တစ်လိုင်းတွင် ၉၀ ရာခိုင်နှုန်း ပြီးစီးပြီးဖြစ်ကာ တောင်ပေါ်ကန် တည်ဆောက်မှု ၃၀ ရာခိုင်နှုန်း၊ ရေစုကန် တည်ဆောက်မှု ၉၀ ရာခိုင်နှုန်း၊ ပန့် ၂ လုံး၊ ထရန်စဖော်မာ တစ်လုံးတို့ တပ်ဆင်ပြီးဖြစ်ကြောင်း ဇူလိုင်လကုန် ပြီးစီးရန် ကြိုးစားနေကြောင်း အင်ဂျင်နီယာအဖွဲ့မှ သိရသည်။

ရေဦးရေထွက်မှ စီမံကိန်းမှ ကြေးစားကုန်းတောင်၊ ကြေးစားကုန်းမြောက်၊ ကြေးစားကုန်းလယ်၊ မင်းချောင်းလယ်၊ နွားမေတောင်၊ နွားဓမမြောက်၊ ပွဲစားကုန်းလယ်ပြင်၊ ပွဲစားကုန်း စသည်ကျေးရွာ ၈ ရွာသို့ သန့်ရှင်းသော သောက်သုံးရေများ ဖြန့်ဝေပေးလျက်ရှိပြီး ယခုလုပ်ဆောင်နေသော တောင်ခြေရေထွက် စီမံကိန်းသည် ယနေ့အချိန်အထိ ကျပ် ၉၉၁၅၈၀၀၀ ကုန်ကျလျက်ရှိ ပြီး ပြီးစီးပါက ကျေးရွာပေါင်း ၁၈ ရွာသို့ သောက်သုံးရေသန့်များ ဖြန့်ဝေပေးသွားမည် ဖြစ်ကြောင်း သိရှိရပါသည်။
Eleven

No comments:

Post a Comment