- 10 April 2013 |

လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း လုံးဝ ဖျက်သိမ်းရေး ဆန္ဒပြပွဲကို ယနေ့ မွန်းလွဲ ၂ နာရီမှ ညနေ၄ နာရီထိ မုံရွာဒေသခံ လယ်သမား များက ကျင်းပ ခဲ့ကြောင်း သိရသည်။ ဒေသခံ လယ်သမား များသည် တုံရွာရှေ့မှ ညောင်ပင်ကြီး ဆိပ်ကမ်းထိ ချီတက် ခဲ့ကြကာ ကြေးနီ စီမံကိန်း လုံးဝ ဖျက်သိမ်းရေး ကြွေးကြော် သံများ ကြွေးကြော် ခဲ့ကြောင်း ၊တိုင်းပြည်ကို လက်ညိုးထိုး ရောင်းစား နေသော ဦးပိုင် ကုမ္ပဏီ အလိုမရှိ၊ ကျွန်ဇာတ် သွင်းနေသော မြန်မာ ဝမ်ဘောင် ကုမ္ပဏီ ချက်ချင်း ထွက်စသည့် ပိုစတာများကို ကိုင်ဆောင်ခဲ့ ကြကြောင်း သိရသည်။
No comments:
Post a Comment