Wednesday, April 10, 2013

ရာသီဥတု ပြောင်းလဲခြင်းဒဏ်ခံစားနေရသည့် အင်းလေး

အင်းလေးကန်ဟာ သဘာဝတရားက ပေးထားတဲ့ လက်ဆောင်တစ်ခုဖြစ်ပြီး အင်းလေးကန်အပေါ်မှီတည် အသက်မွေး နေထိုင်သူ အများအပြားရှိပါတယ်။ သဘာဝတရား အပြောင်းအလဲက သူတို့ရဲ့ ဘ၀တွေ အပေါ်မှာ အကျိုးသက်ရောက်မှု ဖြစ်ပေါ်လာမှာကို တတ်နိုင်သရွေ့ ၀ိုင်းပြီး စဉ်းစားလုပ်ကိုင်ကြဖို့ လိုအပ်နေပါပြီ။
Copyright: Yangon Press International
ခြေထောက်ဖြင့် လှေလှော်သည့် ပုံစံမှာ အင်းသားတို့၏ ရိုးရာတစ်ခုဖြစ်သည်။ အင်းလေးကန်သည် မြန်မာနိုင်ငံ၏ ဒုတိယအကြီးဆုံးရေချိုကန်ကြီးဖြစ်ပြီး ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၂၉၀၀ ကျော်တွင်တည်ရှိသည်။
                    အင်းလေးကန်အတွင်းတည်ရှိသော ဖောင်တော်ဦးဘုရားကို ၂၀၁၁ ခုနှစ် ဧပြီလပထမပတ်အတွင်းတွေ့ရပုံ။ အင်းလေးကန်သည် ၂၀၁၀ ခုနှစ်နွေရာသီတွင် လွန်ခဲ့သည့်နှစ်ပေါင်း ၅၀ အတွင်း ရေမျက်နှာပြင်အနိမ့်ဆုံးအထိကျဆင်းခဲ့သည်။
အင်းတိမ်ရွာအနီး ဘီလူးချောင်းအတွင်း ဒေသခံတိုင်းရင်းသားများ ချောင်းရေဖြင့် အ၀တ်လျှော်ရေချိုးနေသည်ကို ၂၀၁၁ ခုနှစ် ဧပြီပထမအပတ်တွင်းကတွေ့ရစဉ်။
                   အင်းရေမျက်နှာပြင် အလျင်အမြန်မကျဆင်းစေရန် အင်းရေထွက်ပေါက်များကို ဒေသခံများက တမံတုပ်ထားသည်ကို အင်းပေါခုံရွာအနီးတွင် ၂၀၁၁ ခုနှစ် ဧပြီပထမအပတ်တွင်းကတွေ့ရစဉ်။

အင်းလေးကန်ရေမျက်နှာပြင်ကျဆင်းသွားခြင်းကြောင့် လှေများဝင်ထွက်သွားလာနိုင်ရန်အတွက် ရေမြောင်းများဖောက်လုပ်နေသည်ကို အင်းပေါခုံရွာအါတွင်း၌ ၂၀၁၁ ခုနှစ် ဧပြီပထမအပတ်တွင်းကတွေ့ရစဉ်။ အင်းလေးကန်သည် ၂၀၁၀ ခုနှစ်နွေရာသီတွင် လွန်ခဲ့သည့်နှစ်ပေါင်း ၅၀ အတွင်း ရေမျက်နှာပြင်အနိမ့်ဆုံးအထိကျဆင်းခဲ့သည်။
                                       အင်းလေးကန် နန့်ပမ်ဈေးအတွင်း လည်ပတ်နေသော ကမ္ဘာလှည့်ခရီးသွားများကို ၂၀၁၁ ခုနှစ် ဧပြီပထမအပတ်တွင်းကတွေ့ရစဉ်။
                      အင်းလေးကန်သို့စီးဝင်သည့် ဘီလူးချောင်းကို ၂၀၁၁ ခုနှစ် ဧပြီပထမအပတ်တွင်း အင်းတိမ်ရွာအနီး၌တွေ့ရပုံ။ ဘီလူးချောင်းအတွင်း လျှပ်စစ်ဓါတ်အားထုတ်လုပ်ရေးအတွက် ရေကာတာများတည်ဆောက်မှုကြောင့် အင်းလေးကန်အတွင်းသို့စီးဝင်သည့် ရေပမာဏကျဆင်းမှာ တစ်နှစ်ထက်တစ်နှစ်ကျဆင်းလာနေခဲ့သည်။
                                                        ဖောင်တော်ဦးဘုရားများကို ၂၀၁၁ ခုနှစ် ဧပြီပထမအပတ်တွင်း တပ်မတော်အရာရှိတစ်ဦး ရွှေသင်္ကန်းတော်ကပ်လှူပူဇော်နေသည်ကို တွေ့ရစဉ်။ ဖောင်တော်ဦးဘုရားများသည် တန်ခိုးကြီးပြီး ဘေးအန္တရာယ်ကင်းရှင်းစေနိုင်သည်ဟု အင်းသားများကယုံကြည်ကြသည်။

                      အင်းလေးဒေသအတွင်းရှိ အင်းပေါခုံကျေးရွာအနီးရှိလယ်ကွက်တစ်ကွက်အတွင်း လယ်သမားတစ်ဦး လယ်ထွန်နေသည်ကို ၂၀၁၁ ခုနှစ် ဧပြီပထမအပတ်တွင်းကတွေ့ရစဉ်။ အင်းလေးကန်အတွင်းမှရေကိုမီခို၍ စိုက်ပျိုးရေးလုပ်ကိုင်နေသော လယ်မြေဧကများစွာရှိပြီး လူဦးရေ ၁၇၀,၀၀၀ ခန့် အင်းလေးကန်ကိုမီခိုနေထိုင်နေကြသည်။

အင်းလေးကန်အတွင်းရှိ ကျွန်းမျောစိုက်ခင်းများအတွင်း စိုက်ပျိုးရေးလုပ်သားတစ်ဦးကို ၂၀၁၁ ခုနှစ် ဧပြီပထမအပတ်တွင်းကတွေ့ရစဉ်။ အင်းလေးကန်ရေမျက်နှာပြင်နိမ့်ကျလာခြင်းကြောင့် အင်းအတွင်းရှိစိုက်ပျိုးရေးလုပ်ငန်းများ အခက်အခဲနှင့်တွေ့ကြုံနေကြရသည်။
                                                                       အင်းလေးကန် နန့်ပမ်ရွာအနီးတွင် လယ်ကွက်များအတွင်းရေသွင်းရန် စက်ယန္တယားကြီးများဖြင့်တူးဖော်ထားသော ရေမြောင်းဘောင်ပေါ်တွင် စောင့်ဆိုင်းနေသောလယ်သမားတစ်ဦးကို ၂၀၁၁ ခုနှစ် ဧပြီပထမအပတ်တွင်းကတွေ့ရစဉ်။ အင်းလေးကန်သည် ၂၀၁၀ ခုနှစ်နွေရာသီတွင် လွန်ခဲ့သည့်နှစ်ပေါင်း ၅၀ အတွင်း ရေမျက်နှာပြင်အနိမ့်ဆုံးအထိ ကျဆင်းခဲ့ပြီး အင်းလေးကန်၏ ရေဝေရေလဲဒေသများအတွင်း ပတ်ဝန်းကျင်ပြန်လည်ကောင်းမွန်စေရန်မလုပ်ဆောင်ပါက အင်းလေးကန်နှင့်အတူ အင်းသားတို့၏ သဘာဝနှင့်ယဉ်ကျေးမှုများပျောက်ကွယ်သွားရန် စိုးရိမ်ရသည့်အခြေအနေတွင်ရှိနေသည်။
ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် အန်ဂျီအိုများက အင်းဒေသခံများအတွက် စီစဉ်ပေးထားသည့် သောက်သုံးရေဘုံပိုင်တစ်ခုတွင် သောက်ရေခပ်နေကြသည့် ဒေသခံများကို ၂၀၁၁ ခုနှစ် ဧပြီပထမအပတ်တွင်းကတွေ့ရစဉ်။ အင်းလေးကန်ရေမျက်နှာပြင်နိမ့်ကျလာခြင်းနှင့်အတူ အင်းလေးကန်အတွင်း ဓါတုမြေသြဇာများအသုံးပြု၍ စိုက်ပျိုးရေးများလုပ်ဆောင်လာကြခြင်းကြောင့် အင်းလေးကန်အတွင်း သောက်သုံးရေအခက်အခဲဖြစ်လာကြရသည်။
                                                  အင်းလေးကန်အတွင်း လှေများသွားလာနိုင်ရန်အတွက် သောင်တူးဖော်သည့် စက်ယန္တယားကြီးတစ်ခုကို ဖောင်တော်ဦးဘုရားသို့သွားရာလမ်းတွင် ၂၀၁၁ ခုနှစ် ဧပြီပထမအပတ်တွင်းကတွေ့ရစဉ်။ အင်းလေးကန်သည် ၂၀၁၀ ခုနှစ်နွေရာသီတွင် လွန်ခဲ့သည့်နှစ်ပေါင်း ၅၀ အတွင်း ရေမျက်နှာပြင်အနိမ့်ဆုံးအထိကျဆင်းခဲ့သည်။

No comments:

Post a Comment